Showing posts with label ရင်တွင်း ကဗျာ. Show all posts
Showing posts with label ရင်တွင်း ကဗျာ. Show all posts


ခဏတာ အချိန်လေးအတွင်းမှာ
ငါတို့တွေ ခင်မင်ခဲ့ကြတယ်....
သူ့အကြောင်း ကိုယ့်အကြောင်း
ရင်ဖွင့်ပြောရင်း....
ဖြူစင်တဲ့ သံယောဇဉ်တွေ
အထပ်ထပ် နှောင်ဖွဲ့ပြီး
ငါတို့တွေ ခင်မင်ခဲ့ကြတယ်....
တစ်ယောက်ရဲ့ အားငယ်မှုကို
တစ်ယောက်က အားပေးနှစ်သိမ့်ရင်း
တစ်ယောက်ရဲ့ ပျော်ရွှင်မှုကို
တစ်ယောက်က ပီတိဖြစ်ရင်းနဲ့
တစ်နေ့တာ အချိန်ကို
လွန်မြောက်စေခဲ့တယ်....
အားငယ်မှုနဲ့ တွေဝေမနေ
အရှုံးမပေးဘဲ
ကြံ့ကြံ့ခံ ရင်ဆိုင်ဖို့
သူငယ်ချင်းက လမ်းပြခဲ့တယ်....
သူငယ်ချင်းလေးရေ......
ခုချိန်မှာ နင့်ရဲ့ဆုတောင်းသံနဲ့အတူ
ငါလည်း နင့်အတွက် ဆုတောင်းပေးရင်း
ငါတို့ တစ်ဦးစီရဲ့ အနာဂတ်ကို
ပျော်ရွှင်စွာနဲ့ ဖြတ်သန်းသွားကြရအောင်နော်.....



သဘာဝကို အလှဆင်ပေးသလိုပဲ

လူသားတွေအတွက် အရိပ်ပေးနိုင်တဲ့

ကျေးဇူးရှင်တစ်ပါးပဲ....

အချိန်တာလို့

အရွက်တွေ ကြွေပေမယ့်

သူ့ တာဝန်ကို သူ အလိုက်သင့်

တစ်ဖန် ပြန်ဝေဆာလာတာပါပဲ....

ငါကတော့ဖြင့် နေပူလိုက်တာ


သူကတော့ဖြင့် ငါ့အရိပ်အောက်မှာ

ဇိမ်နဲ့ပဲ...

အဲ့ဒီလို ဘယ်တော့မှ

မနာလို မဖြစ်ဘူး...

သူ့မှာ အကျိုးပြုနေရလို့

လေလာတိုင်း မြူးတူးနေတဲ့

သူ့ရဲ့ လက်ခုပ် သြဘာသံဟာ

သက်သေပဲ........


 လေတိုက်ရာဘက်မှာပဲ

တစ်ရွေ့ရွေ့နဲ့

ရှေ့ဦးတည့်ရာ အကန်းပမာ...

သူ့အတွက် ကျရောက်လာမည့်

မိုးဒဏ် လေဒဏ်

ကျောက်ဆောင်တွေနဲ့

တစ်ကယ့်ကို အန္တရာယ်များတဲ့

သက်မဲ့ လှေတစ်စင်း...

အဲဒီအချိန်မှာ

သူ့ကို ကယ်တင်မယ့်

လှေပိုင်ရှင် ပို၍ ပို၍

အရေးကြီးလာပြီ...

သူ့ကို သနားအောင်

ငိုလို့လည်း မရ

ခေါ်လို့လည်း မတတ်

သက်မဲ့ပီပီ ရေပြင်ပေါ်မှာ

မျောနေဆဲ.........