သဘာဝကို အလှဆင်ပေးသလိုပဲ

လူသားတွေအတွက် အရိပ်ပေးနိုင်တဲ့

ကျေးဇူးရှင်တစ်ပါးပဲ....

အချိန်တာလို့

အရွက်တွေ ကြွေပေမယ့်

သူ့ တာဝန်ကို သူ အလိုက်သင့်

တစ်ဖန် ပြန်ဝေဆာလာတာပါပဲ....

ငါကတော့ဖြင့် နေပူလိုက်တာ


သူကတော့ဖြင့် ငါ့အရိပ်အောက်မှာ

ဇိမ်နဲ့ပဲ...

အဲ့ဒီလို ဘယ်တော့မှ

မနာလို မဖြစ်ဘူး...

သူ့မှာ အကျိုးပြုနေရလို့

လေလာတိုင်း မြူးတူးနေတဲ့

သူ့ရဲ့ လက်ခုပ် သြဘာသံဟာ

သက်သေပဲ........

0 comments:

Post a Comment