ခဏတာ အချိန်လေးအတွင်းမှာ
ငါတို့တွေ ခင်မင်ခဲ့ကြတယ်....
သူ့အကြောင်း ကိုယ့်အကြောင်း
ရင်ဖွင့်ပြောရင်း....
ဖြူစင်တဲ့ သံယောဇဉ်တွေ
အထပ်ထပ် နှောင်ဖွဲ့ပြီး
ငါတို့တွေ ခင်မင်ခဲ့ကြတယ်....
တစ်ယောက်ရဲ့ အားငယ်မှုကို
တစ်ယောက်က အားပေးနှစ်သိမ့်ရင်း
တစ်ယောက်ရဲ့ ပျော်ရွှင်မှုကို
တစ်ယောက်က ပီတိဖြစ်ရင်းနဲ့
တစ်နေ့တာ အချိန်ကို
လွန်မြောက်စေခဲ့တယ်....
အားငယ်မှုနဲ့ တွေဝေမနေ
အရှုံးမပေးဘဲ
ကြံ့ကြံ့ခံ ရင်ဆိုင်ဖို့
သူငယ်ချင်းက လမ်းပြခဲ့တယ်....
သူငယ်ချင်းလေးရေ......
ခုချိန်မှာ နင့်ရဲ့ဆုတောင်းသံနဲ့အတူ
ငါလည်း နင့်အတွက် ဆုတောင်းပေးရင်း
ငါတို့ တစ်ဦးစီရဲ့ အနာဂတ်ကို
ပျော်ရွှင်စွာနဲ့ ဖြတ်သန်းသွားကြရအောင်နော်.....

0 comments:

Post a Comment