လေတိုက်ရာဘက်မှာပဲ

တစ်ရွေ့ရွေ့နဲ့

ရှေ့ဦးတည့်ရာ အကန်းပမာ...

သူ့အတွက် ကျရောက်လာမည့်

မိုးဒဏ် လေဒဏ်

ကျောက်ဆောင်တွေနဲ့

တစ်ကယ့်ကို အန္တရာယ်များတဲ့

သက်မဲ့ လှေတစ်စင်း...

အဲဒီအချိန်မှာ

သူ့ကို ကယ်တင်မယ့်

လှေပိုင်ရှင် ပို၍ ပို၍

အရေးကြီးလာပြီ...

သူ့ကို သနားအောင်

ငိုလို့လည်း မရ

ခေါ်လို့လည်း မတတ်

သက်မဲ့ပီပီ ရေပြင်ပေါ်မှာ

မျောနေဆဲ.........

0 comments:

Post a Comment